/* The CSS Code for the menu starts here s2free.blogspot.com */ /* The CSS Code for the menu starts here s2free.blogspot.com */

Wednesday, July 30, 2014

တန်းဖိုးဆိုတာ



"ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တန်ဖိုးရှိသောသြ၀ါဒများ"

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊
၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊
၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊
၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။
၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။
၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။
၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။
၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။
၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။
၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။
၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။
၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊
၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊
၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊
၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊
၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊
၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊
၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊
၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊
၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

Wednesday, March 12, 2014

အေးချမ်းမှုအစစ်ဆိုတာ....?
                   
         ကျွန်ုပ်တို့ မက်မောလျှက်ရှိသော ဂုဏ်၊ ဒြပ်၊ ချမ်းသာမှုများသည် ကျွန်ုပ်တို့အတွက် လူနှင့် စိတ်ကိုပါ ပင်ပမ်းစေသည်၊ မရှိခင်က ရှိလာအောင် ကြိုးစားအားထုတ်ရတာ ပြေးလိုက်လွှားလိုက် အစာတွေလည်း မှန်မှန်မစားရတဲ့ အခါတွေလည်း ရှိတယ်။ အိပ်ကောင်းခြင်းနဲ့လည်း မအိပ်ရဘူး ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ ဘယ်လောက်တောင် ပင်ပမ်းလိုက်လဲ။ ကဲ ပစ္စည်းဥစ္စာတွေ ရှာလို့ ချမ်းသာမှုကို ပိုင်ဆိုင်ရပါပြီတဲ့  စိတ်မချမ်းသာစရာက နေ့စဉ်နဲ့အမျှ ရှိနေသေးတာပဲ။ ငါ့ရဲ့ကား၊ အိုးအိမ် ပစ္စည်းတွေ ငွေတွေ အိမ်တွင်းရှိတာတွေ ဘယ်အချိန် သူခိုးခိုးမလဲ၊ မီးလောင်မလဲ ဘယ်လိုပုံစံနဲ့ဆုံးရှုံးမလဲဆိုတဲ့ အတွေးတွေက စိတ်ကို ချမ်းသာမှု မပေးနိုင်ပြန်ဘူး ဒီလိုနဲ့ အခြေအနေအရ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီ ဆိုပါစို့။ မပြတ်သေးတဲ့ သံယောဇဉ်တွေနဲ့ ငါရှာထားတာတွေ မထားခဲ့ချင်ဘူးဆိုတဲ့စိတ်နဲ့ သေရင်တောင်ဖြောင့်ပါ့မလား ဒီတော့ စိတ်ချမ်းသာမှုကို အစဉ်အမြဲ မပေးနိုင်တဲ့ ဒီလောကကြီးမှာ ဘာအတွက် လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အသဲအသန် မရမက မတရားလိုချင် အနိုင်လိုချင်နေကြရတာလဲ ။ အရာအားလုံး ထားခဲ့ရမဲ့ အတူတူ ကိုယ် နောင်ဖြစ်လာမဲ့ ဘ၀အတွက် အထောက်အပံ့ကောင်းတွေ ရဖို့ ရိုးသား ကျိုးစားခြင်းနဲ့ စိတ်ထားလေ ဖြူစင်သန့်ရှင်းအောင် မွေးမြူ ရင်း ဘ၀ရှင်သန်နေထိုင်ဖို့ မလိုအပ်ပေဘူးလား။ စိတ်ထဲမှာ ပူလောင်ရတာနဲ့ အေးချမ်းနေရတာ ဘယ်အရာက ပိုကောင်းမလဲ ပိုအရသာ ၇ှိမလဲ။ စိတ်ချမ်းသာချင်တယ် ဆိုရင်တော့ စိတ်ဆိုး စိတ်ညစ်ရမဲ့ အရာတွေကို တတ်နိုင်သလောက် သိုလှောင်သိမ်းဆည်း မထားဘဲ ချက်ချင်း စိတ်ကို စီစစ် မကောင်းမှု ကို တွန်းဖယ် သိသိချင်းပြင်ဆင်လိုက်ချင်းဖြင့် စိတ်ချမ်းသာမှု အစစ်ကို ရှာဖွေ တွေ့ရှိနိုင်ကြပါစေ။  တန်ဖိုးရှိသော ဘ၀တစ်ခု ဖြစ်လာဖို့ ရလာဖို့ရာအတွက် လူတိုင်းလူတိုင်း သိပြီးဖြစ်ကြတဲ့ အသိတရားများကို ပြန်လည်စမ်းစစ်၍ နက်နဲစွာ စဉ်းစားဆင်ခြင် မိကြစေရန် အောင်မြင်ချင်းအစစ် ရနိုင်ကြပါစေဆိုသော ရည်ရွယ်ချက်ဖြင့် အတွေးစများကို မေတ္တာဖြင့် ပြန်လည် မျှဝေလိုက်ရပေသည်။

Monday, September 16, 2013

ရန်သူသုံးပါး သတိထား ဆင်ခြင်

အသင်မိတ်ဆွေ...
(၁) အသင်သည် လောဘ နောက်သို့လိုက်၍ လောဘ၏စေခိုင်းမှုကိုခံကာ တင်းတိမ်ရောင်ရဲမှုကို မပြုနိုင်ပဲ ပင်ပမ်းကြီးစွာ ရှာဖွေနေရသည်။
(၂) အသင်သည် ဒေါသ နောက်သို့လိုက်၍ ဒေါသ၏စေခိုင်းမှုကိုခံကာ အရာရာအတွက် သည်းခံမှုမပြုတော့ဘဲ ဒေါသကြီးစွာ အရှိန်ပြင်းသောမီးကဲသို့ ပူပြင်းမှုကိုခံနေရသည်။
(၃) အသင်သည် မောဟ နောက်သို့လိုက်၍ မောဟ၏စေခိုင်းမှုကိုခံကာ မဆုံးနိုင်သော လိုချင်တပ်မက်မှုတွေကြောင့် အေးချမ်းမှုမရဘဲ ဒုက္ခများစွာ ခံနေရသည်။
     ထိုကဲ့သို့ မိမိတို့၊ အသင်မိတ်ဆွေတို့အား ဒုက္ခဆင်းရဲမှုကိုဖြစ်စေသော လောဘ၊ ဒေါသ၊ မောဟ အမည်ရှိ ရန်သူသုံးကောင်အား မည်သို့ မည်ပုံ ပယ်သတ်သင့်ကြောင်း နှလုံးစွဲမူ၍ သတိပြုအပ်ပေသည်။
     ငြိမ်းချမ်းသာယာမှုကို အသင်တကယ်လိုအပ်ပါလျှင် ထိုသုံးကောင်သော ရန်သူနောက်သို့ မလိုက်ဘဲ အတတ်နိုင်ဆုံးဆင်ခြင်၍ လျှောပေါ့ကာ လောဘနည်းနိုင်သမျှနည်းအောင်၊ ဒေါသ မဖြစ်အောင် ထိမ်းနိုင်သမျှ ထိမ်းကာ လိုချင်တပ်မက်မှုများကို ထိမ်းနိုင်သမျှ ထိမ်းရင်းဖြင့် ဖြည်းဖြည်းချင်း အပြီးအပိုင် ပယ်သတ်နိုင်ကြသဖြင့် အေးချမ်းသော ဘ၀ပိုင်ရှင်များ တည်ဆောက်နိုင်ကြပါစေ...။
                                                                   မေတ္တာဖြင့်
                                                                        လင်းသစ် ( ဗိဿနိုး )



Friday, September 13, 2013

အေးချမ်းသော မေတ္တာကမ္ဘာ

                 မေတ္တာကမ္ဘာသည် အေးချမ်းသော ကမ္ဘာဖြစ်သည်။ အလည်လာရောက်
ကြကုန်သော လူမျိုးမရွေး၊ ဘာသာမရွေးတို့သည် အေးချမ်းသော မေတ္တာ၏
အရိပ်များဖြင့် လွှမ်းခြုံနိုင်ကြပါစေ...